Saturday, January 14, 2017

Mu River ( မူးမြစ် )


အမှတ် ၁ 

ပင်လယ်ဘူး ရွာကုန်းကြီး ကန့် ဘလူ ရေဦး ကန့် ဘလူ ကြား ရေဦး တန့် ဆည် အရာတော် မြင်းမူ ရွှေဘိုခရိုင်သည် စစ်ကိုင်းတိုင်းအတွင်းတည်ရှိသောခရိုင်တစ်ခုဖြစ်ပြီး၊ ရွှေဘိုခရိုင်တွင် မြို့နယ် ၈ မြို့နယ်ပါဝင်သည်။ ၎င်းတို့မှာ…. ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကျောက်မြောင်းမြို့နယ်ခွဲ တို့ဖြစ်သည်။ ရွှေဘိုမြို့၊ ရွှေဘိုမြို့နယ်။ (Shwebo Township) မန္တလေးမြို့ အနောက်မြောက်ဘက် ၁၁၃ကီလိုမီတာ(မိုင်၇၀ခန့်) အကွာ ဧရာဝတီမြစ်နှင့် မူးမြစ်ကြားတွင်တည်ရှိသည်။ ကျေးရွာအုပ်စု ၅၈ရွာနှင့် လူဦးရေ ၁၅၀၀၀၀ခန့်ရှိသည်။ ကုန်းဘောင်ခေတ်ဦး အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထောင်ခဲ့သော သမိုင်းဝင် မြို့တော်ဖြစ်သည်။ ဝက်လက်မြို့၊ ဝက်လက်မြို့နယ်။ (Wetlet Township) ဝက်လက်မြို့သည် မန္တလေး-မြစ်ကြီးနားရထားလမ်းသည်ဝက်လက်မြို့ကိုဖြတ်သွားပြီး၊ အနောက်ဘက်တွင် မူးမြစ်၊ အရှေ့ဘက်တွင် ဧရာဝတီမြစ်အကြားတွင်ရှိသည်။ ကျေးရွာအုပ်စု ၇၀နှင့် လူဦးရေ ၅၀၀၀၀၀ခန့်ရှိသည်။ ရွှေဘိုမြို့မှ ၂၁မိုင်ခန့်အကွာတွင် ရှိသည်။ စကားအရာတွင်ကြွယ်ဝသော လှတောရွာသည် ဝက်လက်မြို့နယ်တွင်ပါဝင်သည်။ လှတောရွာသည် ရွှေဘို-မန္တလေးကားလမ်းဘေးတွင်ရှိပြီး ဝက်လက်မှ ၇မိုင်ခန့်အကွာတွင်ရှိသည်။ ရေဦးမြို့၊ ရေဦးမြို့နယ်။ (Ye U Township) ရေဦးမြို့သည် ရွှေဘိုမြို့၏ အနောက်မြောက်ဘက် မိုင် ၃၀ခန့်အကွာတွင်တည်ရှိပြီး ၊ မူးမြစ်၏အနောက်ဘက်ကမ်းတွင်ရှိသည်။ ခင်ဦးမြို့၊ ခင်ဦးမြို့နယ်။ (Khin U Township) ခင်ဦးမြို့သည် ရွှေဘိုမြို့၏ မြောက်ဘက် ၁၆မိုင်ခန့်အကွာတွင်ရှိသည်။ မဟာနန္ဒကန်တော်အတွင်းသို့ စီးဝင်နေသော ချောင်း ၉ ၉ ချောင်းရှိသည့်အနက် ခင်ဦးမြို့မှ ချောင်းတစ်ခုလည်း အပါအဝင်ဖြစ်သည်။ ရွှေဘို-ခင်ဦး-ရေဦးကို မော်တော်ကားလမ်းရှိသဖြင့် လွယ်ကူစွာသွားလာဆက်သွယ်နိုင်သည်။ တန့်ဆည်မြို့၊ တန့်ဆည်မြို့နယ်။ (Tazel Township) တန့်ဆည်မြို့သည် ရေဦးမြို့မှ ၁၄မိုင်ခန့်အကွာတွင်တည်ရှိသည်။ ကန့်ဘလူမြို့၊ ကန့်ဘလူမြို့နယ်(KantBalu Township) ကန့်ဘလူ စက်မှု့လက်မှု့သိပ္ဗံကျောင်းတည်ရှိသည်။ ရွှေဘိုနယ်၏ အဓိက အားထားရသော ကားဘိုးဆည်နှင့် ကင်းတပ်ဆည်သည် ကန့်ဘလူမြို့နယ်တွင်တည်ရှိသည်။ ချပ်သင်းဘေးမဲ့တောနှင့် သစ်တောကြိုးဝိုင်းဧရိယာများစွာရှိသည်။ ကန့်ဘလူမှ ကျွန်းလှသို့ ကားလမ်းဖြင့် ၉ မိုင်၊ ရထားလမ်းဖြင့် ၈မိုင်ခန့်ကွာဝေးသည်။ ကျောက်မြောင်းမြို့နယ်ခွဲ(Kyaut Myaung Township) ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင်တည်ရှိသည်။ ကျေးရွာအုပ်စု ၁၀ရွာရှိသည်။ ကျွန်းလှမြို့၊ ကျွန်းလှမြို့နယ်။ (KyunHla Township) ရွှေဘိုမြို့၏မြောက်ဘက် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် တည်ရှိပြီး ရွှေဘိုမြို့မှ မိုင် (၆၀) ခန့် ကွာဝေးပြီး၊ မန္တလေးမြို့မှကားလမ်းဖြင့် ၁၄၀မိုင်ခန့်၊ ရထားလမ်း ဖြင့် ၁၂၀မိုင်ခန့်အကွာတွင်တည်ရှိသည်။ ကျွန်းလှမြို့သည် သဖန်းဆိပ်ဆည်စီမံကိန်းတွင် ရေမြုပ်ဧရိယာအတွင်း ပါဝင်ခဲ့သောကြောင့် နေရာရွှေ့ပြောင်းထားရသော မြို့ဖြစ်သည်။ မြို့ဟောင်းနေရာသည် ကျွန်းလှမြို့ဟောင်းနေရာတွင် သဖန်းဆိပ်ဆည်တည်ရှိသည်။
http://shwebocity.weebly.com/3/post/2013/03/2.html






















No comments: