Thursday, June 17, 2010

Van Nederland naar Birma

ကျွန်တော့် အမြင်ကတော့ မြန်မာပြည်သားများရဲ့  အခြေခံလူ့ အခွင့်ရေး လွတ်လပ်မှုဟာ အရေးကြီးဆုံးလို့ မြင်ပါတယ် ။ စီးပွားရေး လူမှုရေး ပညာရေး ကျန်းမာရေး အစသဖြင့် အဖွဲ့ အစည်းများ အပြည်ပြည်ဆိုင်ရာ တွင်မြန်မာပြည်၏ လူသားတဦးအဖြစ်ရပ်တည်ရန် အခွင့်အရေး မရနိုင်သော မကောင်းသတင်းများသာ ပြောဆိုနေကြသည်ကို မှတ်တမ်းမှတ်ရာများ ထားရှိရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ကြီးအနေဖြင့် အလေးပေးဆောင်ရွတ်လိုကြောင်း ရရှိလာသောမှတ်တမ်းမှတ်ရာများမှတဆင့် နိုင်ငံတကာပူးပေါင်းပြီး နယ်သာလန်မှ ဆက်လက်ဆောင်ရွတ်မည်ဟု ဆိုရှယ်လစ်ပါတီ မှ ပါလီမန်အမတ်တဦးက ပြောကြားခဲ့ပါသည် ။


ကျွန်တော်ကတော့ မီးလောင်တိုက်ထဲကလို ဖြစ်နေသော မြန်မာပြည်အတွက် မျှော်လင့်နေပါတယ် ။
အမြဲတန်းကြိုးစားနေပါတယ်၊ မြန်မာပြည်ရဲ့ လူ့ အခွင့်အရေး နဲ့  လူ တဦးချင်းစီ၏ လွတ်လပ်ခွင့်များကို စစ်တပ်က တိမ်တိုက်များကဲ့သို့ ပိတ်နေသော်လည်း အမြဲတန်းမဖြစ်နိုင်ပါ ။။ ဒန်းဟတ်(Dan Haag ) မှရုံးထိုင်သော်လည်း မြန်မာပြည်နှင့် ပါတ်သက်ပြီး ဘယ်ဂျီယန်မှ ဘရာဇယ် ရုံးနှင့်ဖြစ်စေ အသင်းတော်ရုံးများဖြင့်ဖြစ်စေ ဆက်သွယ်ဆောင်ရွတ်နေပါတယ်လို့  ခရစ်ယာန်ညီညွတ်ရေးပါတီ ပါလီမန်အမတ်တဦးက ပြောကြားခဲ့ပါသည် ။


အဲဒီမှာ ထောင်ထားတဲ့ ဆိုင်းပုတ်ကိုကြည့်ပါ ။ပါတီတွေ ဘယ်လောက်များသလဲ ဘယ်လောက်လွတ်လပ်သလဲ လူတဦးချင်းစီရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့် ကို ပြနေတာ လို့ ခရစ်ယာန် ဒီမိုကရက်တစ်ပါတီမှ ပါလီမန်အမတ်တဦးက ပြောကြားခဲ့ပါသည် ။



မြန်မာပြည်ဟာ တခါးအားလုံးကို အများဆုံး ပိတ်ထားတဲ့နိုင်ငံဖြစ်ပါတယ် ။ မြောက်ကိုရီးယားထက် အခြေအနေ ဆိုးပါလိမ့်မယ် ။အပြည်ပြည်ကတိုက်ရိုက်ဝင်ရောက်ကူညီရန် ခက်ခဲနေဆဲပါ ။ လွတ်လပ်မှု နဲ့ အခြေခံ အသက်ရှင်ပိုင်ခွင့်တွေကို တစက်ခြင်း ရသလောက်ညစ်ထုတ်ရ မှာပါ ။ အဲဒီအပေါ်ကနေ မှတ်တမ်းများ ထားရှိပြီး တဆင့်ပြီးတဆင့်တက်လှမ်းနိုင်မှာဖြစ်ပါတယ်လို့ အစိမ်းရောင်အချိတ်အဆက်ပါတီ ပါလီမန်အမတ်တဦးက ပြောကြားခဲ့ပါသည် ။
(မြန်မာပြည်သားအချို့ လို လုပ်စရာမရှိရင် သန်းရှာအတင်းပြော အုပ်စုကိုသတိပေးတာထင်တယ်)

No comments: